မြောက်ကိုရီးယား နဲ့ တောင်ကိုရီးယား တို့ ပြန်လည်ပေါင်းစည်းတော့မှာလား

သတင်းနှင့်ဗွီဒီယိုများ ကြည့်နိုင်ဖို့ Myanmar Pyi Thar ပေ့ခ်ျ ကို see first လုပ်ထားပါ
************************************************
ကလစ် နှိပ်ပြီး ဖေ့ဘွတ်စ် မှာ တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်.....
******************************************
ထိပ်သီးဆွေးနွေးပွဲအတွက် ပြင်ဆင်ရေး အဆင့်မြင့် ဆွေးနွေးပွဲ ကျင်းပရန် ကိုရီးယား နှစ်နိုင်ငံ သဘောတူ
ဆိုးလ် မတ် ၂၄
ကိုရီးယားနှစ်နိုင်ငံမှ ခေါင်းဆောင်များအကြား ထိပ်သီးဆွေးနွေးပွဲ ကျင်းပရေးအတွက် ပြင်ဆင်ရန် အဆင့်မြင့် ဆွေးနွေးပွဲ တစ်ရပ်ကျင်းပမည့် အစီအစဉ်ကို မြောက်ကိုရီးယားက သဘောတူလိုက်ပြီ ဖစ်ကြောင်း တောင်ကိုရီးယားအစိုးရက မတ် ၂၄ ရက်တွင် ထုတ်ပြန်သည်။
နှစ်နိုင်ငံအကြား အဆင့်မြင့်ဆွေးနွေးပွဲကို မတ် ၂၉ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးသည့် နယ်စပ်ရှိ ပန်မွန်ဂျုံကျေးရွာ၌ ကျင်းပမည်ဖြစ်ပြီး မြောက်ကိုရီးယား၏ ငြိမ်း ချမ်းစွာ ပေါင်းစည်းရေး ကော်မတီဥက္ကဋ္ဌ ရိဆုန်ဂွမ် ဦးဆောင်သည့် အဖွဲ့ဝင်သုံးဦး ပါဝင်မည်ဖြစ်ကြောင်း တောင် ကိုရီးယားပေါင်းစည်းရေး ဝန်ကြီးဌာနက ဆိုသည်။ တောင်ကိုရီးယားသမ္မတ မွန်ဂျေး အင်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ထိပ်သီးဆွေးနွေးပွဲတစ်ရပ်ကို ဧပြီလ အကုန်ပိုင်းတွင် ကျင်းပရန် စီစဉ်ထားပြီး ယင်းဆွေးနွေးပွဲမတိုင်မီ တောင်ကိုရီးယား တေးသံရှင်များက မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်း မြို့တော်၌ ဧပြီလအစောပိုင်းတွင် သီဆိုဖျော်ဖြေမည်ဖြစ်သည်။
တောင်ကိုရီးယား တေးသံရှင်များ၏ ခရီးစဉ်သည် မြောက်ကိုရီးယား အားကစားသမားများက တောင် ကိုရီးယားနိုင်ငံ၌ ကျင်းပသည့် ပြုံချန်းဆောင်းရာသီ အိုလံပစ်အားကစားပွဲသို့ စေလွှတ်ပြီးနောက်ပိုင်း ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။ တစ်ချိန်တည်းမှာပင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်နှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့ အကြား ကျင်းပရန်စီစဉ်ထားသည့် ထိပ်သီးဆွေးနွေးပွဲသည် မေလအကုန်ပိုင်းတွင် ထပ်မံ ထွက်ပေါ်လာမည့် အလားအလာများ ရှိကြောင်း သိရသည်။
credit to; မြဝတီ

Comments

Popular posts from this blog

AA တွေရဲ့ သုံးတဲ့ အမေရိကန် ထုတ် စနိုက်ပါ...( ဗွီဒီယို )

အမေဇုန် သစ်တော ရဲ့ အရိုင်းဘဝ များ...၁....(ဗွီဒီယို)

အမေရိကန် ထုတ် M-60 တွေ အသုံးပြုတဲ့ AA လက်နက်ကိုင်တပ်ဖွဲ့