အနောက်ပစိဖိတ် ဒေသနှင့် တောင်တရုတ်ပင်လယ်၌ တရုတ်လေတပ်က စစ်ရေးလေ့ကျင့်မှု ပြုလုပ်

အနောက်ပစိဖိတ် ဒေသနှင့် တောင်တရုတ်ပင်လယ်၌ တရုတ်လေတပ်က စစ်ရေးလေ့ကျင့်မှု ပြုလုပ်

ပေကျင်း မတ် ၂၅
တရုတ်လေတပ်မှ စစ်လေယာဉ်များသည် ဂျပန်နိုင်ငံတောင်ပိုင်း ကျွန်းနှစ်ကျွန်းအပေါ်မှ ဖြတ်သန်းပြီးနောက် အနောက်ပစိဖိတ်ဒေသနှင့် တောင်တရုတ်ပင်လယ်၌ စစ်ရေးလေ့ကျင့်မှု ထပ်မံပြုလုပ်ေ ကြာင်း လေတပ်က မတ် ၂၅ ရက်တွင်ပြောသည်။
တရုတ်နိုင်ငံ၌ သမ္မတ ရှီကျင့်ဖျင်၏ လက်ထက်အတွင်း ကိုယ်ပျောက် တိုက်လေယာဉ်များမှ လေယာဉ်တင်သင်္ဘောများအထိ တည်ဆောက်ကာ လေတပ်နှင့်ရေတပ်ကို အဓိက ပစ်မှတ်ထားသည့် စစ်ဘက်ခေတ်မီ တိုးတက်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စစ်ရေးလေ့ကျင့်ခန်းသည် ရန်လိုသော ရည်ရွယ်ချက်မရှိကြောင်း တရုတ်က အခိုင်အမာ ဆိုထားသော်လည်း တရုတ်(တိုင်ပေ)ဝန်းကျင်နှင့် တောင်တရုတ်ပင်လယ်၌ စစ်လက်နက်အင်အားဖြင့် ခြိမ်းခြောက်ခြင်းသည် ဒေသတွင်းနှင့် အမေရိကန်ကို ထိတ်လန့်စေကြောင်း သိရသည်။
စစ်ရေးလေ့ကျင့်မှုတွင်H-6K ဗုံးကြဲလေယာဉ်များ၊ Su-30 နှင့် Su-35 တိုက်လေယာဉ်များအပါအဝင် အခြားေ လယာဉ်များသည် ဂျပန်နိုင်ငံ တောင်ပိုင်း ကျွန်းနှစ်ကျွန်းအကြားရှိ မီယာကိုရေလက်ကြားမှ ဖြတ်သန်းပြီးနောက် တောင်တရုတ်ပင်လယ်၌ ကင်းလှည့်မှုများ လုပ်ဆောင်ကာ အနောက်ပစိဖိတ်ဒေသ၌ စစ်ရေးလေ့ကျင့်ကြောင်း သိရသည်။
သို့သော် ယင်းစစ်ရေးလေ့ကျင့်မှုများသည် အနောက်ပစိဖိတ်ဒေသ သို့မဟုတ် တောင်တရုတ်ပင်လယ်၏ မည်သည့်နေရာများတွင် လုပ်ဆောင်သည်ကို ဖော်ပြထားခြင်းမရှိကြောင်း သိရသည်။
အမေ ရိကန် ရေတပ်မှ ဖျက်သင်္ဘောတစ်စင်းက လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ဟူသော အကြောင်းပြချက်ဖြင့် တောင်တရုတ် ပင်လယ်ရှိ တရုတ်က ဆောက်လုပ်ထားသော လူလုပ်ကျွန်း၏ ရေမိုင် ၁၂ မိုင်အကွာသို့ မတ် ၂၃ ရက်တွင် ရောက်ရှိလာပြီးနောက် တရုတ်လေတပ်က ယခုကဲ့သို့ စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခြင်းဖြစ်သည်။
credit to; မြဝတီ

Comments

Popular posts from this blog

AA တွေရဲ့ သုံးတဲ့ အမေရိကန် ထုတ် စနိုက်ပါ...( ဗွီဒီယို )

အမေဇုန် သစ်တော ရဲ့ အရိုင်းဘဝ များ...၁....(ဗွီဒီယို)

အမေရိကန် ထုတ် M-60 တွေ အသုံးပြုတဲ့ AA လက်နက်ကိုင်တပ်ဖွဲ့